Thursday, October 1, 2009

Together



Read More...

Saturday, June 20, 2009

Happy Birthday Chit Su

ပျော်ရွင်ဖွယ်ကောင်းသောမွေးနေ့ဖြစ်ပါစေ...

Read More...

Friday, April 3, 2009

Happy Anniversary




Read More...

Wednesday, March 25, 2009

Trip To Kota Kinabalu


Read More...

Thursday, March 19, 2009

Special Day




Today is one of our special days.

Just for remembering our memorial day.


W & C

Read More...

Thursday, March 12, 2009

တောင်တက်ခြင်း အတွေ့အကြုံ (၃)

ဒီတစ်ခေါက်တော့ သေသေချာချာ အစီအစဉ် ဆွဲကြပါတယ် အတွေ့အကြုံလေး ကလည်းနည်းနည်း ပိုရှိလာပြီ ဆိုတော့ ဘာတွေလိုတယ် ဘာတွေ သယ်ရမယ် ဆိုတာ သေချာတိုင်ပင် ကြပါတယ် ဒီတစ်ခါ အရင်ကလို အသင်းအဖွဲ့ နဲ့တက်တာ မဟုတ်တော့ လူလည်းနည်း သွားပါတယ် အားလုံးမှ(၈)ယောက်တည်းပါ ပထမတော့ လိုက်မယ့် သူငယ်ချင်းတွေ နည်းနည်းများများ ပါတယ် တစ်ကယ်တမ်း တက်မယ်ဆိုတော့ နည်းသွားပါတယ် တက်ရမယ့် တောင်ကပိုဝေးပြီး ခရီးကလည်း ရှည်တာပါမယ် ပြီးတော့ သွေးအေးသွားတော့ မလိုက်ချင်ကြတာ လည်းပါမယ်ထင်ပါတယ် ကျမတို့ အဓိက တောင်တက်ချင်ရတဲ့ ရည်ရွယ်ချက်က စွယ်တော်ဖူးချင်တာ ကအဓိကပါ။ အနောက်တောင်ကို တက်တုန်းက အနောက်တောင် စေတီမှာစွယ်တော် ကိန်းအောင်းနေတယ် ဆိုပေမယ့် တစ်ချို့က စွယ်တော်အစစ်က အရှေ့တောင် မှာလို့လည်း ပြောကြပါတယ်။ အရင်က တောင်တစ်လုံးပဲ ရှိခဲ့ပြီး အရှေ့တောင် အနောက်တောင် ဆိုပြီး ကွဲသွားတော့ ဘယ်တောင်မှာ စွယ်တော် ကိန်းဝပ်နေတယ်ဆိုတာ သေချာမသိတော့ပါဘူး ဒေသခံတွေ ကို မေးကြည့်တော့လည်း တစ်ယောက်တစ်မျိုး ပြောကြတာနဲ့ မထူးပါဘူး အနောက်တောင်တော့ တက်ပြီးပြီ အရှေ့တောင် တက်လိုက်ရင် ဘာဖြစ်ဖြစ်သေချာ တာပေါ့ဆိုပြီး တက်ကြတာပါ ကျမသူငယ်ချင်းတစ်ယောက် ကစွယ်တော်ကို အရမ်း ဖူးချင်တာ လည်းပါပါတယ် သူက ပုဂံကစွယ်တော် လေးဆူကိုလည်း ဖူးပြီးသားဆိုတော့ သူလက်လှမ်း မှီသလောက် အကုန်ဖူးချင်တာပါ တစ်နှစ်အတွင်း ငါးဆူလုံးဖူးချင်တာပါ သူအရမ်း ဆန္ဒပြင်းနေတာရယ် ကျန်တဲ့ သူငယ်ချင်းတွေက လည်းတက်ကြွ နေတော့ တက်ဖို့သေချာ သွားတာပေါ့ ကိုသားငယ်လည်း ဒီတစ်ခေါက်ပါ လာပါတယ် အရင်တစ်ခေါက် တုန်းကသူမပါပဲ တက်ထားတော့ ဒီတစ်ခေါက်သူမပါရင် ပေးမတက်မှာ သေချာနေတော့ သူ့ကိုပါ တောင်တက်ဖို့ စည်းရုံးရတာပေါ့ လူကလည်းနည်းတော့သူလည်းစိတ်မချ အဲဒီတော့ သူလည်းလိုက်ခဲ့ ရပါတော့တယ်။ ၂၀၀၇ မတ်လရဲ့ မနက်ခင်းတစ်ခုမှာ ပြက္ခရွေ့တောင် ရှိရာ ကူမဲမြို့အနီးကို မိတ္ထီလာမြို့ စက်မူ့ဇုံ ကနေစထွက်ကျပါတယ် မော်တော်ဆိုင်ကယ် (၄)စီးလူက(၈)ယောက်ပေါ့ မနက်စောစော စတက်မှညနေ နေမ၀င်ခင် တောင်အောက် ကိုဆင်းနိုင်မှာမို့ မနက် ၄ နာရီမှာ ခရီးကစပါတယ် ရာသီဥတုကတော့ အေးနေပါသေးတယ် တစ်လမ်းလုံးလည်း မှောင်မဲနေတာပါ ရာသီဥတု က မတ်လဆိုပေမယ့် မနက်ခင်းကတော့ အေးနေတုန်းပါ ဆောင်းအကုန် ဆိုတော့လည်း ဆောင်းရဲ့ အငွေ့အသက် တွေကလည်း ကလည်းရှိနေတာပေါ့ ဆိုင်ကယ်လေတိုး တော့ပိုဆိုးပါတယ် တော်တော်အေးပါတယ် ရန်ကုန်-မန္တလေး ခြောက်လမ်းသွား လမ်းမအသစ်ကနေ သွားတာဆိုတော့ လမ်းကတော့ အရမ်းကောင်း နေပါတယ် မနက်စောစော ကလည်းဖြစ်တော့ လမ်းကလည်းရှင်းနေပြီး အဝေးပြေးကား တွေနဲ့ ကုန်တင်ကားကြီး တွေပဲ လမ်းမှာတွေ့ရပါတယ် တစ်ခါမှ ဆိုင်ကယ်နဲ့ ခုလိုခရီးဝေး မသွားဘူးပါဘူး ပထမဆုံး အကြိမ်သွားဘူးချင်းပါ မနက် ၅နာရီ မှာ ကူမဲမြို့ကိုရောက်ပြီး တော့ အမှတ်တရဆိုတဲ့ လ္ဘက်ရည်ဆိုင်မှာ နံနက်စာစားကြပါတယ် အမှတ်တရ ဆိုတဲ့အတိုင်း ခရီးတစ်ခုလုံးကလည်း ဘ၀အတွက် အမှတ်တရ ဖြစ်လာပါတော့တယ်....မနက်စာကို ခပ်သုတ်သုတ်စားကြ ပြီးတော့ ခရီးဆက်ဖို့ပြင်ကြပါတယ် အဝေးပြေးလမ်းမကနေ ကင်းတားဆည်သွားတဲ့ လမ်းအတိုင်း တောင်ခြေရှိရာကို ဆက်မောင်းရမှာပါ ရန်ကုန်-မန္တလေး ကားလမ်းမလိုတော့ လမ်းမကောင်းတော့ပါဘူး ကတ္တရာလမ်း ဟောင်းအတိုင်း မောင်းရပါတယ် တဖြည်းဖြည်းနဲ့ ကတ္တရာလမ်း ကပျောက်ပြီး မြေလမ်းပေါ် ကနေမောင်းရပါတယ် အရှိန်နဲ့ မောင်းလို့မရတော့ပါဘူး လမ်းကအရမ်း ဆိုးလာတော့ သတိနဲ့ ဖြည်းဖြည်းချင်း ပဲမောင်းရပါတယ် ဖုန်အရမ်းထူတော့ နားခေါင်းတွေ အုပ်ထားရတယ် ရှေ့ဆုံးက မောင်းရင် ဖုန်အ၀င် သက်သာတော့ ရှေ့ကိုရောက်အောင် လုမောင်းကြပါတယ် အလင်းရောင်စမြင်တော့ ကျမတို့အုပ်စု တောက်ခြေကို ရောက်နေပါပြီ ပြက္ခရွေ့ အရှေ့တောင်ကိုတက်ဖူး တဲ့သူတစ်ယောက်မှ မပါပါဘူး ခရီးကလည်းရှည်မယ် လမ်းကလည်းမသိတော့ လမ်းပြတစ်ယောက်ငှားမှ ဖြစ်မယ် ဆိုပြီတောင်ခြေဘုန်းကြီးကျောင်းမှာ စုံစမ်းတော့ အနီးနားရွာက လူတစ်ယောက် ကိုထည့်ပေးပါတယ် ဆိုင်ကယ်တွေကိုလည်း ဘုန်းကြီးကျောင်းမှာပဲ အပ်ခဲ့ကြပါတယ် လမ်းပြရတော့ ကျမတော့တော်တော် ၀မ်းသာသွားပါတယ် ဘာလို့လည်းဆိုတော့ ကျမသယ်ရမယ် ကျောပိုးအိတ်ကို လမ်းပြကိုသယ်ခိုင်း လို့ရပြီလေ.. ကျမကျောပိုးအိတ်ထဲမှာ တောင်ပေါက ဘုန်းကြီးကိုလှူဖို့ ကော်ဖီမစ် ဖယောင်းတိုင် ခေါက်ဆွဲထုပ်တွေနဲ့ တစ်ခုခုဖြစ်ရင် သုံးရအောင်ယူလာတဲ့ ဆေးတွေပဲပါတာပါ ကျန်တဲ့ လမ်းမှာစားဖို့ သယ်လာတဲ့ ရေသန့်ဘူးတွေ ထမင်းထုပ်တွေ အချိုရေဘူး တွေကတော့ ယောက်ျားလေးတွေက သယ်ကြပါတယ် ဒီတစ်ခေါက်တော့ တော်တော်စုံစုံကို ၀ယ်လာကြတာပါ အချဉ်ထုပ် နေကြာစိက အစပါပါတယ်။
တောင်စတက်တော့ ကျမမုန်းပါတယ်ဆိုတဲ့ လှေကားထစ်တွေနဲ့ စတက်ရပါတယ် မန္တလေးတောင် တက်တဲ့ စောင်းတန်းလိုမျိုးတွေပါ ပထမတစ်ခေါက် အနောက်တောင်တက်တုန်း ကရောက်ဘူးတဲ့ သူတွေကတော့ စတက်တဲ့လမ်းကိုသိပြီးကြ ပါပြီ ကိုသားငယ်ပဲ မသိတာပါ သူကတော့ လှေကားတွေကိုကြည့် ပြီးဒါလေးများတဲ့ ဒီလိုနဲ့စတက်ကြပါတယ် လှေကားထစ်တွေကို တစ်နာရီလောက် တက်ရပါတယ် မတ်လည်းတော်တော် မတ်ပါတယ် လှေကားထစ်ကုန်တော့ မောနားဆိုတဲ့ နေရာကိုရောက်ပါပြီ တစ်ကယ်လည်းမော နေကြပါပြီ မနားလို့တော့ မရအောင်ပါပဲ ဒါလေးများဆိုတဲ့ ကိုသားငယ် တစ်ယောက်လည်း မောနေပါပြီ။ မောနားဆိုတဲ့ နေရာလေးမှာ ဘုန်းကြီးကျောင်းတွေရယ် လူနေအိမ်တစ်ချို့ ရယ်တွေ့ရပါတယ် ရှေးကျောင်းကြီးတွေပါ အုတ်တွေကလည်း ရှေးခောတ်အုတ်တွေနဲ့ပါ ရာဇ၀င်ရယ် ဘယ်ခောတ်ကတည်းက ရှိနေတယ်ဆိုတာ သေချာမသိခဲ့ရဘူး ကျမတို့ နိုင်ငံမှာ စိတ်ဝင်စားစရာကောင်းတဲ့ နေရာတွေအမှန်တော့ တော်တော်များပါတယ် တစ်ကယ်တော့ တောင်တက်ခရီးက အခုမှစမှာပါ တောလမ်းခရီးကို စကြရမှာပါ ၁၅ မိနစ်လောက် နားပြီးတော့ စတက်ကြပါတယ် လှေကားထစ်တွေ လုံးဝမရှိ တော့ပါဘူး တစ်ဖြေးဖြေးနဲ့ ရှေးကျောင်း ဆောင်တွေ လည်းနောက်မှာ ကျန်ခဲ့ပါတယ် တောင်ကုန်း တစ်ခုလည်းကွေ့ လိုက်ရော တစ်ကယ့်တောထဲကို ရောက်သွားပါတော့တယ် လူနေအိမ်ခြေ တွေလည်း လုံးဝမတွေ့ရ တော့ပါဘူး။
သာယာတာကတော့ တော်တော်သာယာပါတယ် တောတောင်ရနံ့ ဆိုတာကလည်း တောထဲတောင်ထဲ ရောက်ဘူးမှ သိရတာပါ ဒီတစ်ခေါက်တောင်တက် ရတာအပျော်တစ်ခုတည်း မဟုတ်ဘဲ မြတ်စွာဘုရား စွယ်တော်လည်းဖူး ရတော့မယ်ဆိုတဲ့ စိတ်ကြောင့် အားလုံးလည်း တက်တက် ကြွကြွနဲ့ တက်ကြပါတယ် စမ်းချောင်းတစ်ခုလည်း မှတ်မှတ်ရရ ဖြတ်ခဲ့ရပါသေးတယ် အရှေ့တောင်က တောင်၁၃လုံး ကိုဖြတ်ပြီးမှ ရောက်မယ်လို့ပြောပါတယ် တက်သာတက်နေတာ တောင်ဘယ်လုံး ကျော်ခဲ့ပြီး ဘယ်ရောက်နေ မှန်းတက်နေတဲ့ အချိန်မှာ မသိတော့ပါဘူး လမ်းပြကလည်း လှမ်းလျှောက်တာ အလွန်အင်မတန် မြန်ပါတယ် သူကရှေ့လျှောက်ပြီး ပျောက်ပျောက်သွားတော့ စိတ်ပူလာပါတယ် ငါတို့သယ်ခိုင်းထား တဲ့ အိတ်တွေနဲ့ထွက်ပြေးပြီလား လမ်းမှာငါတို့ကို များတစ်ခုခု လုပ်မလား သူလက်မှာလည်း ဓားကပါသေးတာကို တွေးပြီးကြောက်ခဲ့ ရသေးတယ် အမှန်က သူကလျှောက်နေကျဆိုတော့ လမ်းလျှောက်မြန်တာရယ် သက်သာမယ့်လမ်း တွေရှာပေးတာရယ်ကြောင့် ပျောက်ပျောက် သွားတာပါ ဒေသခံ တွေအရမ်း ရိုးပါတယ် စိတ်ရင်းလည်း ဖြူကြပါတယ် ခရီးဆုံးသွားတော့ အဲလိုထင်ခဲ့ မိတာစိတ်မကောင်း ဖြစ်ရပါသေးတယ် ကျမတို့မှာ တက်လိုက် မောရင်ရေသောက်လိုက် အအေးဘူးတွေ ထုတ်သောက်လိုက်နဲ့ တောင်ပေါ်မရောက်ခင် ရေကကုန်ပါတော့တယ်... နေ့လည် ၁၂ နာရီကျော်တော့ တောင်တက် ခရီးက တစ်ဝက်ကျိုး ခါစပဲရှိပါသေးတယ် လမ်းမှာဘုရားဖူး တွေနားဖို့ဆောက် ထားတဲ့ ဇရပ်တွေ လည်းတွေ့ရပါတယ် ဆောက်လက်စ တွေလည်းတွေ့ရပါတယ် ဒါပေမယ့် လမ်းမှာ ကျမတို့လို တောင်လာတက်တဲ့ သူတစ်ယောက်မှ မတွေ့ရပါဘူး ထင်းလာခုတ်တဲ့ သူတစ်ယောက်စ နှစ်ယောက်စပဲတွေ့ ရပါတယ် တောင်ထိပ်ရောက်မှ နေ့လည်စာ စားမယ်ဆိုတဲ့ အစီအစဉ်ကိုတော့ တောင်ပေါ်မရောက်ခင် ဖျက်လိုက်ရပါတယ် နေ့တစ်ဝက်ကျိုးတာတောင် တောင်တစ်ဝက်ကျော်ပဲ ရောက်သေးတော့ ဘယ်သူမှ မအောင့်နိုင်ကြတော့ပါဘူး ပါလာတဲ့ ထမင်းထုပ်တွေလည်း အကုန်ကုန်တာပါပဲ အစားအသောက်နည်းတဲ့ ကျမတောင်တော်တော် စားနိုင်ပါတယ် သောက်စရာရေ ကလည်းတော်တော်နည်းသွား ပါပြီ ရေထပ်ဖြည့်ဖို့ကလည်း တောင်ပေါက ကျတဲ့ လာတဲ့ရေ တွေ စုနေတဲ့ရေအိုင်လေးပဲ ရှိပါတယ် လမ်းပြကတော့ အဲဒီကရေ ကိုပဲသောက်တယ် ပြီးတော့သူ့ရေဘူးကိုလည်း အဲဒီရေပဲဖြည့်ပါတယ် ကျမတို့လည်း ရေငတ်ခံလို့ တော့မဖြစ်ဘူး ဖြည့်ထားမှဆိုပြီ ကျန်တဲ့ရေဘူးခွံတွေ ထဲဖြည့်ကြပါတယ် တစ်ကယ်တော့ သဘာဝ စိမ့်စမ်းရေ တွေကသောက် ကြည့်တော့ တော်တော်ကောင်းပါတယ် ဒီတစ်ခေါက် ရူခင်းတွေက ပိုလှသလို တောလည်းပိုနက်ပါတယ် အတက်လမ်းက အရမ်းမမတ် ပေမယ့် ခရီးရှည်တော့ တော်တော်ပင်ပန်း ပါတယ် ခဏခဏလည်း ချောလဲပါတယ် တစ်လမ်းလုံး ကျမကိုတွဲ တက်တာကတော့ ကိုသားငယ်ပါပဲ ....
နေ့ခင်း ၂နာရီခွဲ လောက်မှာ တောင်ထိပ်ဘုရား ရင်ပြင်တော် ပေါ်ရောက်ပါတယ် ဆရာတော်ကလည်း အင်မတန်သဘော ကောင်းပါတယ် ဒီနေ့တော့ပြန်မဆင်းနဲ့တော့ တစ်ညအိပ်ပြီးမှ ဆင်းကြပါလို့ ပြောပါတယ် ပင်ကလည်း ပင်ပန်းကြတော့ တစ်ညနားပြီးတော့ မှပြန်ဆင်းချင်ပေမယ့် နေ့ချင်းပြန်ရောက်မယ်လို့ ပြောခဲ့တော့ ကျန်ခဲ့တဲ့သူတွေ စိတ်ပူမှာစိုးတာ နဲ့ မအိပ်ဖြစ်ခဲ့ကြပါဘူး၊ ဆရာတော် ကိုလှူစရာတွေ ကပ်လှူပြီးတော့ ကန်တော့ကြပါတယ်။ လ္ဘက်သုတ်နဲ့ရေနွေးကြမ်း လည်းကြွေးလိုက်ပါသေးတယ် တစ်နေကုန် လမ်းလျှောက်ထားတော့ ဘာစားစားကောင်းနေတော့တာပါပဲ တောင်ထိပ်တည့်တည့် မှာစေတီတော် ကိုတည်ထားတာပါ အရှေ့တောင်စေတီနဲ့ အနောက်တောင် စေတီက တစ်တန်းတည်းမှာ ရှိနေတာပါ အမြင့်လည်း တူတယ်လို့ပြောပါတယ် တောင်ရဲ့ အရှေ့ ဘက်ခြမ်းကိုကြည့်လိုက်တော့ ရှမ်းရိုးမတောင် တန်းကြီးကို နီးနီးကပ်ကပ်မြင်နေ ရပါတယ် ရှမ်းရိုးမ တောင်ခြေတစ်နေရာ မှာရေပြင်ကျယ်ကြီး ကိုလည်းတွေ့ရပါတယ် အဲဒါကတော့ ကင်းတား ရေလှောင်တမံပါ လေတွေကလည်း တောင်ထိပ်မှာ တ၀ှီးဝှီးနဲ့ တော်တော်တိုက်ပါတယ် နေမ၀င်ခင် တောင်အောက်ကို အရောက်ပြန်ဆင်းရမှာ ဖြစ်တဲ့အတွက် သိပ်ကြာကြာ မနားလိုက်ရပါဘူး ၁နာရီလောက်နားပြီးတော့ ဆရာတော်ကို ကန်တော့ပြီးပြန်ဆင်းကြပါတယ် အဆင်းလမ်းကတော့ အတက်ထက်စာရင် တော်တော်မြန်ပါတယ် နောက်ဆုံးမှာကျန်တာ ကတော့ကျမပါပဲ ဒူးတုန်နေလို့ပါ အတူပါလာတဲ့ သူငယ်ချင်း ၂ ယောက်က အဆင်းလမ်းမှာ သူတို့အရင်ဆင်းမယ် ဆိုပြီးဆင်းသွားတာ တော်တော်မြန်ပါတယ် လမ်းပြက သူတို့ကို မတွေ့လို့မေးတော့မှ အရင်ဆင်းသွားပြီး အတက်လမ်းတုန်းက တွေ့ခဲ့တဲ့ စမ်းချောင်းမှာစောင့်နေ မယ့်အကြောင်း ပြောလိုက်တော့ လမ်းပြတော်တော်စိတ်ပူ ပြီးချက်ချင်းလိုက်ဆင်း သွားပါတယ် အမှန်က စမ်းချောင်း နားမှာ ကျမတို့ တက်လာတုန်းက တောဝက်ခြေရာ တွေ့ခဲ့ကြောင်း ခြေရာတွေက လတ်ဆတ်နေကြောင်း ပြောပြပါတယ် ကျမတို့မတင်ခင် တစ်ပါတ်လောက်မှ ထိုနေရာတွင် တောဝက် အပက်ခံရပြီး ရွာသားတစ်ဦး သေဆုံးသွားကြောင်း ပြောပြပါတယ် အားလုံးလည်း စိုးရိမ်သွားကြပါတယ် ခြေလှမ်းတွေလည်း ပိုသွက်လာကြပါတယ် နောက်မှာကျန်ခဲ့ မှာလည်းကြောက် ရှေ့ကသွားနှင့်တဲ့ သူငယ်ချင်းတွေကိုလည်း စိုးရိမ်နဲ့ ခရီးကတော့ တော်တော်ထွင်သွား ပါတယ် တောင်ခြေမရောက်ခင် မှာပဲ မှောင်လာပါတယ် နေ၀င်သွားပြီ ဖြစ်ပေမယ့် အလင်းရောင်ကတော့ ရှိနေပါသေးတယ် နေ့ခင်းလိုမဟုတ်တော့ ကြောက်လာပါတယ် တောဝက် ပက်လို့သေထားတဲ့ အကြောင်းလည်း သိထားတော့ စိတ်ထဲက ကြောက်နေတာပါ ကျမတို့က (၈) ယောက် လမ်းပြက တစ်ယောက်ဆိုတော့ အားလုံး (၉)ယောက်ဖြစ် နေတော့ (၉)ယောက်ဆို မကောင်းဘူး မောင်ကျောက်ခဲ ခေါ်ခဲ့ပါဆို လို့ကျောက်ခဲ တစ်လုံးလည်း ထည့်ခေါ်ခဲ့ပါသေးတယ် တောဝက် ကိုကြောက်တာထက် မမြင်ရတာတွေကို တွေးပြီးကြောက် နေမိတာပါ ကျမကြောက်နေတာ ကိုသိတဲ့ ကိုသားငယ်က စကားတွေပြော ရီစရာတွေပြောပြီး ကြောက်စိတ် ပျောက်အောင် အားပေးပါတယ် ဘုရားစာတွေ လည်းစိတ်ထဲကရွတ် တောစောင့်နတ် တောင်စောင့်နတ်တွေကို လည်းအမျှဝေ ဘေးရန်မဖြစ်အောင် ဆုတောင်းနဲ့ အဆင်းလမ်းခရီး ကအမှတ်ရစရာပါ... မောနား ကိုရောက်တော့ အလင်းရောက်က လုံးဝပျောက်နေပါပြီ... လက်နိပ်ဓါတ်မီး တွေထည့်လာခဲ့ တာမှန်သွားပါတယ် တောင်ခြေကို ရောက်တော့ ည ၇ နာရီ ထိုးပြီးပါပြီ... မနက် ၄ နာရီကနေ ခုချိန်ထိတစ်နေကုန် သွားထားတာတွေက မလှုပ်ချင်အောင် ညောင်းကိုက်နေပါတော့တယ် တောင်ခြေရောက်ပြီ ဆိုပေမယ့် နားဖို့ကလည်း မဖြစ်သေးပါ မိထ္ထီလာ ကိုပြန်ရပေဦးမယ် ဆိုတဲ့စိတ်နဲ့ အားတင်းပြီး နေရပါတယ် ကျမတို့ အဆောင်ပြန်ရောက်တော့ ည(၁၁) နာရီထိုးပြီးပါပြီ လူတွေလည်း ဖုန်တွေနဲ့ ဖြူဖွေးနေတာပါ တောင်တက်တဲ့ အကြောင်းပြန်ပြောကြရင် အဲဒီအချိန်ကို ပြန်ရောက်သွား သလိုပါပဲ နောက်တစ်ခေါက် ဆိုတာလည်း မလွယ်ပါဘူး ကျောင်းသားဘ၀ရဲ့ တစ်ကယ့် အမှတ်တရ ခရီးပါပဲ ကိုသားငယ်နဲ့ ကျမ မေတ္တာမျှတာ ကလည်းတောင်တက်ပြီး အပြန်မှဆိုတော့ သူငယ်ချင်းတွေက ကိုသားငယ်ကို စကြပါတယ် " မစွံတောင်တက် မတက်လှေလှော် မလှော်စာပြတဲ့ ".......

မှတ်ချက်။ ။ပြက္ခရွေ - ပြက္ခရွှေ- ပြက္ခရွေ့ တောင်ဆိုပြီး အမျိုးမျိုး အသံထွက်ကြပါတယ်



Read More...

Tuesday, March 10, 2009

TuneUp Utilities 2009

TuneUp Utilities 2009 can make your Windows operating system faster, more comfortable and more secure with just a few mouse clicks. And all operations performed on the operating system are completely safe, because all changes are monitored by TuneUp Rescue Center and can be undone at any time. All TuneUp Utilities modules can be accessed through a common interface that is divided into six categories.
The software helps both beginners and experts to make Windows meet their needs in a way that is better, easier and safer. All important system options are explained in an easy way and can be turned on or off at the click of your mouse. TuneUp Utilities 2009 will then make the necessary changes in the registry or boot files automatically. We place a high value on system stability, so that Windows won't stop working reliably. And most changes that you make can be undone in TuneUp Rescue Center - easily and safely.

The program also gives you many more options. In addition to helping you make Windows "better looking", you can also clean up and optimize your system at the click of a mouse. TuneUp Utilities 2009 will clean up unnecessary data from your hard disk and remove unnecessary entries from your registry. It can defragment your hard disk and registry and optimize your system settings to make Windows run substantially faster. Most of this maintenance is performed automatically every week by TuneUp 1-Click Maintenance
Main features:
* Increase performance
* Free up disk space
* Maintain Windows
* Solve problems
* Customize WindowsDownload here with serial keys (full version ) enjoy it...
Source:http://www.tune-up.com/products/tuneup-utilities/

Read More...

| Home |